光益商事の詐欺行為に遭われたミャンマー人被害者を助ける

သတင်းအချက်အလက်များ ပေးပို့ရန်
ミャンマー人被害者の皆さんは、こんにちは。
ဒေါ်မိုးမိုးငြိမ်းသည် ၄င်း၏အားထားရသော ဆွေမျိုးမိတ်ဆွေကောင်းများ၏ကူညီထောက်ပံ့မှုဖြင့် ရန်ကုန်ရှိ ဂျပန်သံရုံး၊ ရဲစခန်း၊ မြန်မာနိုင်ငံတော် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိမြန်မာသံရုံး၊ ဟာရဂျုကု ရဲစခန်းမှတဆင့် အမြန်ဆုံးငွေများပြန်ရရှိရေးနှင့်တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။
တာဝန်သိသူများအားလုံး၏ ပူးပေါင်း ကူညီမှုဖြင့် Koeki Shoji ကုမ္ပဏီ၏ မြန်မာတွင်ဆယ်စုနှစ်တစ်စုထက်မက ကြာမြင့်စွာ လိမ်လည်ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီ။ ကြေညာချက်အမှတ် ၄၃/၁၁ဖြင့် ၄င်းကုမ္ပဏီအား အမည်ပျက်စာရင်း ကြေငြာနိုင်ခဲ့ပြီ။ ဂျပန်နိုင်ငံရှိမြန်မာသံရုံးမှ တဆင့် အမြန်ဆုံး ငွေများပြန်ပေးရန်နှင့် တရားဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် ဆောင်ရွက်နေပါသည်။
တိုကျိုရှိ ဟာရဂျုကု ရဲစခန်းတွင် သက်သေအထောက်အထားနှင့်တကွ ၄င်းကုမ္ပဏီအားအရေးယူပေးရန် ဆွေးနွေးခဲ့ပါသည်။ ဂျပန်နိုင်ငံ အာဏာရ ဝန်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံလည်း အရေးယူဆောင်ရွက် ပေးနိုင်ပါရန် တိုင်ကြားထားပါသည်။ ၄င်းတို့၏ လိမ်လည်လှည့်စားမှုကို ခံခဲ့ရသော မြန်မာလူမျိုး အားလုံး ဤဝက်ဘ်ဆိုက်သို့ဆက်သွယ်ပါ။ တစ်ယောက်အားနှင့်ယူသော်မရ၊ တသောင်းအားနှင့်ယူသော်ရ၏။
ဆက်သွယ်စုံစမ်းရန် မိမိ၏နစ်နာမှုများနှင့်သတင်းအချက်အလက်များပေးပို့ခြင်း၊ စုံစမ်းခြင်းများအတွက် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာအားလုံး )
MOE MOE NYEIN
Email: moemoenyein2000@gmail.com
Phone: 95(မြန်မာ)-1(ရန်ကုန်)-511834
ယခုဝက်ဘ်ဆိုက်နှင့်ပတ်သက်၍အောက်ပါအတိုင်းစုံစမ်းဆက်သွယ်နိုင်ပါသည်။
info@koekishoji.com
မြန်မာလူမျိုးများ၏ ဆုံးရှုံးနစ်နာမှုများကို တရားဥပဒေဘောင်အတွင်းမ ပြန်လည်ရရှိစေရန်၊ နောက်ထပ်နစ်နာသူများမပေါ်ပေါက် စေရန်၊ ကူညီကြပါ။